<

မျက်ရည်ယိုဗုံး



  • ၁။ မျက်ရည်ယိုဗုံး ပစ်ခံရသည့်အခါ အငွေ့များ မထိမိစေရန်/မရှူမိစေရန် အတတ်နိုင်ဆုံး လုပ်ပါ။
    (ရေစိုဝတ်အပါးဖြင့် ခေါင်းကို လုံအောင်ပတ်ထားပါက မျက်လုံးစပ်ခြင်း/မျက်နှာစပ်ခြင်းကို သက်သာစေပါသည်။)
  • ၂။ အငွေ့များ ထိသွားလျှင် ထိသည့်နေရာကို ရေဆေးချပါ။ အ၀တ်/ဆွဲကြိုးများ ထိလျှင် ထိသည့်ပစ္စည်း အကုန်လဲပါ။ အ၀တ်လဲချိန် ခန္ဓာကိုယ်ကို ပိုမထိမိစေရန် တစ်ခါသုံး လက်အိတ်စွပ်ပြီး လဲလျှင် ပိုကောင်းပါသည်။
  • ၃။ အငွေ့များထိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းကို ရိုးရိုးရေဖြင့် အနည်းဆုံး ၁၅မိနစ်မှစ၍ သက်သာသည်အထိ ဆေးပေးပါ။
    မျက်လုံးအား ဘုံဘိုင်ရေ၊ နွားနို့၊ အခြားဖျော်ရည်များဖြင့် မဆေးပါနှင့်။
    ရေသန့် (သို့) NS (အကြောသွင်း ဆေးရည်) ဖြင့် ဆေးပေးပါ။
    မျက်လုံးကို လုံးဝ လုံးဝ မပွတ်ပါနှင့်။
  • ၄။ အရေပြားလောင်လျှင် အရေပြားကို စတီးရွိုက်လိမ်းဆေး လိမ်းပေးပါ။ အကယ်၍ ၀ယ်မရလျှင် လိုးရှင်း (Lotion) အေးအေး ၁ခုခု လိမ်းပေးပါ။ ပရုတ် (menthol) ပါတာ မလိမ်းရပါ။
  • ၅။ မျက်ရည်ယိုဗုံး အငွေ့ရှူမိလျှင် ဗင်တိုလင်/Ventolin (Salbutamol) ရှူဆေးကို အသုံးပြုနိုင်သည်။ ၄ခါ ရှူသွင်း မျိုချပေးပါ။ ခဏစောင့်ပြီး မသက်သာလျှင် ၄ခါ၁ကြိမ် ထပ်ရှူပေးပါ။ ရှူပြီးလျှင် အရက်ပြန်ဖြင့် သုတ်ပြီး ခဏထားကာ ပိုးသတ်ပေးပါ။
  • ၆။ မျက်လုံးနီခြင်း/စပ်ခြင်း ဖြစ်၍ မသက်သာလျှင် မျက်ရည်တု (Cool Eye) အကြိမ်များများ ထည့်ပေးပါ။ နာရီခြား မိနစ်ခြား၍ ထည့်လို့ရပါသည်။
    (Menthol - ပရုတ် ပါသော မျက်ရည်တု (ဥပမာ - VRhoto မျက်စဉ်း) နှင့် Steroid မျက်စဉ်းများ အသုံးမပြုရပါ။)