<
ဦးခေါင်းရိုက်ခံရလျှင်
-
ဦးခေါင်း ထိခိုက်ထားသည့် လူနာဖြစ်သည့် အတွက် အချိန်မရွေး သတိလစ်သွားနိုင်သဖြင့် အထူးသတိထား စောင့်ကြည့်ပေးရပါမည်။နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ ခေါ်ဆောင်သွားပေးပါ။
-
ဦးခေါင်း ပေါက်ပြဲဒဏ်ရာပါလျှင် အောက်ပါအတိုင်း ဒဏ်ရာကို ဆေးထည့်ပေးပါ။
-
၁။ ဒဏ်ရာကို ရေသန့် (သို့) NS (အကြောသွင်း ဆေးရည်) များများဖြင့် စင်ကြယ်အောင် ဆေးပေးပါ (ဖုန်၊ဂဲ၊သဲစများ မကျန်အောင် ဆေးပါ)။
-
၂။ Betadine (သို့) ဆေးဝါရည် ထည့်ပါ။
-
၃။ Sterile Gauze (ပိုးသတ်ပတ်တီးစ) (သို့) အဝတ်သန့်ဖြင့် အုပ်ပေးပါ။ လိုအပ်လျှင် ပတ်တီးစည်း ပေးပါ။