<
            
            ခြေထောက် နှင့် လက် (သွေးအလွန်အကျွံ မထွက်လျှင်)
    
                                                            
            
            
            
            
            
                            - 
                                    
                                        
                    
                        ၁။ ဒဏ်ရာကို ရှင်းရှင်းလင်းလင်း မြင်အောင် ကြည့်ပါ (လိုအပ်လျှင် အဝတ်များကို ဖယ်ပစ်ပါ)။                     
                                             
                                             
- 
                                    
                                        
                    
                        ၂။ Entry Wound (ကျည်ဝင်ပေါက်) နှင့် Exit Wound (ကျည်ထွက်ပေါက်) ဒဏ်ရာရှာပါ။                     
                                             
                                             
- 
                                    
                                        
                    
                        ၃။ ဒဏ်ရာကို ရေသန့် (သို့) NS (အကြောသွင်း ဆေးရည်) များများဖြင့် စင်ကြယ်အောင် ဆေးပေးပါ (ဖုန်၊ဂဲ၊သဲစများ မကျန်အောင် ဆေးပါ)။                      
                                             
                                             
- 
                                    
                                        
                    
                        ၄။ Sterile Gauze (ပိုးသတ်ပတ်တီးစ) (သို့) အဝတ်သန့်ဖြင့် ကျည်ဝင်ပေါက်၊ ကျည်ထွက်ပေါက် ဒဏ်ရာ၂ ခုလုံးကို ပိတ်၍ ပတ်တီးစည်းပါ။ ဂွမ်းစ မသုံးပါနှင့်။                     
                                             
                                             
- 
                                    
                                        
                    
                        ၅။ ဒဏ်ရာထဲတွင် တစ်ခုခုစိုက်နေပါက စိုက်နေသော ပစ္စည်းကို ဆရာဝန် အကူအညီမပါဘဲ ဆွဲမထုတ်ပါနှင့်။                     
                                             
                                             
- 
                                    
                                        
                    
                        ၆။ နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ ခေါ်ဆောင်သွားပေးပါ။