<
ခြေထောက် နှင့် လက် (သွေးအလွန်အကျွံ ထွက်နေလျှင်)
-
၁။ ဒဏ်ရာကို ရှင်းရှင်းလင်းလင်း မြင်ရစေရန် လိုအပ်လျှင် အဝတ်များကို ဖယ်ပစ်ပြီး ဒဏ်ရာပေါ်ကို ရေသန့် (သို့) NS (အကြောသွင်း ဆေးရည်) များများဖြင့် လောင်းပါ။
-
၂။ Pressure Dressing ထည့်ရန် သွေးထွက်သည့် နေရာကိုရှာ၍ လက်ဖြင့်ဖိကာ ပတ်တီးစအရှည်ကို အဖျားမှ စ၍ ဒဏ်ရာအပေါက် ပြည့်သည်အထိ ဆက်တိုက် ထိုးထည့်သွားပါ။ သွေးတိတ်စေရန် ၃မိနစ်ခန့် (သို့) သွေးတိတ်သည်အထိ အပေါ်မှ ဖိပေးပါ။ ထို့နောက် ပတ်တီးကြပ်ကြပ် စည်းပေးပါ။
(ပတ်တီးစ တစ်လိပ်နှင့် မလောက်လျှင် နောက်တစ်လိပ်နှင့် အနားတွင် ချည်၍ ဆက်တိုက် ထပ်ထည့်သွားနိုင်သည်။)
-
၃။ သွေးထွက်များနေသော ခြေထောက်/လက် ကို မြှောက်ထားပေးပါ။
-
၄။ သွေးမတိတ်သေးလျှင် tourniquet (ကြိုးပတ်/ကြပ်စည်း) စည်းပါ။ မရှိလျှင် အဝတ်စအရှည်/ကြိုးကို သုံးပါ။ ဒဏ်ရာ အထက် ၂ လက်မအကွာမှ အဝတ်စ/ပတ်တီးစဖြင့် သွေးတိတ်သည်အထိ ခပ်ကြပ်ကြပ်စည်းပါ။
(joint/အဆစ်နေရာတွင် မစည်းရပါ။ ကြပ်စည်းသည့်အခါ ပိုပြီးအားသက်ရောက်မှု ရှိစေရန် တုတ်ချောင်းခံ၍ တုတ်ချောင်းကို လှည့်သွားပြီး စည်းပေးပါ။)
-
၅။ စတင်စည်းသည့်အချိန်ကို မြင်သာသော နေရာတွင် marker pen (ဆော့ပင်) ဖြင့်ရေးပေးလိုက်ပါ။
-
၆။ စည်းထားသော tourniquet (ကြိုးပတ်/ကြပ်စည်း) အား ၂ နာရီခြားတစ်ခါ သွေးအလွန်အကျွံမထွက်တော့လျှင် လျှော့ပေးပါ။
(ခံထား/ထည့်ထားသော အဝတ်စ/ပတ်တီးစများကို သွေးတိတ်သွားလျှင်လည်း မဖယ်ပါနှင့်။ ထိုအဝတ်များ အပေါ်မှသာ ထပ်ထပ်တင်ပြီး ဖိခြင်း ပတ်တီးစည်းခြင်းများ ပြုလုပ်ပေးပါ။)
-
၇။ Tourniquet (ကြိုးပတ်/ကြပ်စည်း) အား ၆နာရီကျော် ဆက်တိုက်စည်းထားလျှင် ထိုစည်းထားသော ခြေ/လက် ကို ဆုံးရှုံးရနိုင်သည်။
-
၈။ နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ နံပါတ်တစ် ဦးစားပေး ခေါ်ဆောင်သွားပေးပါ။ ခွဲခန်းဖြင့် ခွဲပေးနိုင်သော နေရာကိုသာ တန်းခေါ်သွားပေးပါ။
-
သွေးတိတ်စေရန် ပတ်တီးစည်းနည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။
(အင်တာနက်ရှိရန်လိုအပ်ပါသည်။)
-
Bleeding Control - သွေးထိန်းပတ်တီးစည်းနည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။
(အင်တာနက်ရှိရန်လိုအပ်ပါသည်။)
-
Tourniquet - ခြေပြတ်လက်ပြတ်လူနာအားစီမံနည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။
(အင်တာနက်ရှိရန်လိုအပ်ပါသည်။)