-
၁။ ရင်ဘတ် နှင့် နောက်ကျော (အဆုတ်ရှိသော နေရာ) တွင် သေနတ်ဒဏ်ရာ အပေါက်ရှိပါက ပြင်ပလေ အဆုတ်ထဲ မဝင်စေရန် လုံအောင်ပိတ်ဖို့ လိုအပ်ပါသည်။ ကျည်ဝင်ပေါက်၊ ကျည်ထွက်ပေါက် ၂ ခုစလုံးကို ပလတ်စတစ် (သို့) တိပ်ဖြင့် ပိတ်နိုင်သည်။
-
၂။ Pneumothorax (အဆုတ်အမြှေးပါးထဲ လေဝင်ခြင်း) မဖြစ်စေရန် တတ်နိုင်လျှင် ကျည်ပေါက် ၂ခုထဲမှ တစ်ပေါက်အား အောက်ပါပုံအတိုင်း တဖက်ကို လေထွက်ပေါက် ဖွင့်ပေးထားပါ။
(ကျည်တစ်ပေါက်ပဲ ရှိလျှင်လည်း ဤနည်းအတိုင်း လေထွက်ပေါက် ထားပေးပါ။)
-
၃။ နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ နံပါတ်တစ် ဦးစားပေး ခေါ်ဆောင်သွားပေးပါ။ ခွဲခန်းဖြင့် ခွဲပေးနိုင်သော နေရာကိုသာ တန်းခေါ်သွားပေးပါ။
-
3 Sided Occlusive Dressing - (၃)နားပိတ်ပတ်တီးစည်းနည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။
(အင်တာနက်ရှိရန်လိုအပ်ပါသည်။)