<

ဝမ်းဗိုက် နှင့် ခါး



  • ၁။ ကျည်၀င်ပေါက်၊ ကျည်ထွက်ပေါက် ၂ ခုစလုံးကို ပလတ်စတစ် (သို့) တိပ်ဖြင့် လုံအောင် ပိတ်ပါ။
  • ၂။ ဒဏ်ရာကြီးလျှင် Sterile Gauze (ပိုးသတ်ပတ်တီးစ) (သို့) အဝတ်သန့် များဖြင့် သေချာဖိအုပ်ပြီး ပတ်တီးထိန်းစည်းပေးပါ။ ဂွမ်းစများ မသုံးပါနှင့်။
  • ၃။ ဗိုက်ပွင့်ပြီး ကလီစာများ ထွက်သည်အထိ ဖြစ်နေလျှင် ပြန်ထည့်ဖို့ မကြိုးစားဘဲ Sterile Gauze (ပိုးသတ်ပတ်တီးစ) (သို့) အဝတ်သန့်ကို ရေသန့် (သို့) NS (အကြောသွင်း ဆေးရည်) ဖြင့် စိုအောင် လောင်းပြီး အုပ်ပါ။ အပေါ်မှ ပတ်တီးဖြင့် ပတ်ထိန်းပြီး သယ်ပါ။
  • ၄။ နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ နံပါတ်တစ် ဦးစားပေး ခေါ်ဆောင်သွားပေးပါ။ ခွဲခန်းဖြင့် ခွဲပေးနိုင်သော နေရာကိုသာ တန်းခေါ်သွားပေးပါ။
  • Abdomen Organs - ဝမ်းတွင်းအင်္ဂါအစိတ်အပိုင်းများသယ်ယူနည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။
    (အင်တာနက်ရှိရန်လိုအပ်ပါသည်။)