-
၁။ ဝါးခြမ်းပြား/ကတ်ထူ ကဲ့သို့ မာသောအရာများ အသုံးပြု၍ ကျိုးသည့်နေရာကို လှုပ်ရှားမှုနည်းစေရန် သေချာပတ်ကာ ကြိုးဖြင့်ချည်ပါ။
-
၂။ သွေးအရမ်းထွက်နေလျှင် သွေးတိတ်စေရန် အရင်ဦးစားပေးလုပ်ပါ။ ပြီးမှ မလှုပ်စေရန်/ပိုမနာစေရန် စည်းပေးပါ။
-
၃။ အနာကိုရှောင်၍ ကြိုးပတ်ပေးပါ။ ကြိုးအရမ်းမတင်းရပါ။ သွေးကြောပိတ်သည်အထိ အားပြင်းထန်စွာသုံးပြီး စည်းစရာမလိုပါ။ သွေးလျှောက်ရန် ပိုလိုသောကြောင့် စည်းပြီးသောအခါ သွေးကြောခုန်မခုန် စမ်းပေးပါ။
-
၄။ နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ ခေါ်ဆောင်သွားပေးပါ။
-
Fractures - အရိုးကျိုးဒဏ်ရာအရေးပေါ်ဖြေရှင်းနည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။
(အင်တာနက်ရှိရန်လိုအပ်ပါသည်။)