<
မီးသတ်သမား ချီနည်း
ကူညီမည့်သူ အရေအတွက် - ၁ ဦး 
သတိပြုရန် - လူနာသည် မိမိထက် အရွယ်အစား ကြီးမားလျှင် အခြားနည်းဖြင့် ပွေ့ချီပါရန်။
အောက်ပိုင်း Torso Exercise များ ကြိုတင် လုပ်ဆောင်ထားရန် လိုအပ်သည်။
            သတိပြုရန် - လူနာသည် မိမိထက် အရွယ်အစား ကြီးမားလျှင် အခြားနည်းဖြင့် ပွေ့ချီပါရန်။
အောက်ပိုင်း Torso Exercise များ ကြိုတင် လုပ်ဆောင်ထားရန် လိုအပ်သည်။
- 
                                    
                                        
                    Firefighter Carry (မီးသတ်သမားများ၏ ကယ်ဆယ်ရေး လေ့ကျင့်မှုများကြောင့် မီးသတ်သမားများတွင် အသုံးများသည်။)
 ပွေ့ချီရမည့် လူနာသည် မိမိထက် ကိုယ်အလေးချိန်နည်းပြီး မိမိ ခါးနှင့်ခြေထောက်သည်လည်း တောင့်တင်းခိုင်မာမှု ရှိရန် လိုအပ်သည်။
 ပွေ့ချီနည်းများတွင် ယခုနည်း တစ်မျိုးတည်းသာ သတိမေ့မျောနေသော လူနာအတွက် သာမက သတိရှိနေသော လူနာအတွက်ပါ အသုံးပြုနိုင်သည်။
- 
                                    
                                        
                    ၁။ လူနာလှဲလျောင်းနေစဉ် လူနာအား မျက်နှာချင်းဆိုင်၊ ဆောင့်ကြောင့်ထိုင်ပြီး မိမိလက်အား လူနာ၏ ချိုင်းအောက်သို့ လျှိုသွင်းပါ။ သတိပြုရန်မှာ ပုံစံကျစေရန် မိမိတံတောင်ဆစ် ရောက်သည်အထိ လက်ကို လျှိုသွင်းရမည် ဖြစ်သည်။  
- 
                                    
                                        
                    ၂။ လူနာအား မတ်တပ်အနေအထား ဖြစ်စေရန် မိမိပါတွဲပြီး မတ်တပ်ရပ်ပါ။
- 
                                    
                                        
                    ၃။ မိမိညာခြေအား လူနာ၏ ခြေထောက်ကြားသို့ သွင်းပါ။၊  
- 
                                    
                                        
                    ၄။ မိမိဘယ်လက်ဖြင့် လူနာ၏ ညာလက်အား ဆွဲယူပါ။
- 
                                    
                                        
                    ၅။ မိမိကိုယ်အား ဆောင့်ကြောင့်ထိုင်ချပြီး မိမိ ညာလက်အား အသုံးပြု၍ လူနာ၏ ညာဘက်ဒူးခေါင်းကို သိုင်းဖက်ထားပါ။  
- 
                                    
                                        
                    ၆။ မိမိပြန်မတ်တပ်ရပ်ပြီး လူနာအား မိမိပုခုံးပေါ် တင်ပါ။  
- 
                                    
                                        
                    ပခုံးထမ်းသယ်နည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။(အင်တာနက်ရှိရန်လိုအပ်ပါသည်။)
 
					

