<
ခြေလက်များမှ တစ်ဆင့် သယ်နည်း
ကူညီမည့်သူ အရေအတွက် - ၂ ဦး။
အသုံးအများဆုံး နှင့် လူနာသာမက ပြည်သူ့ကြက်ခြေနီများ အတွက်ပါ သက်သာစေသည်။ ကုန်းတက်ကုန်းဆင်းများသော နေရာများ၊ အဆောက်အအုံ အကွေ့အကောက်များသော နေရာများတွင် အသုံးပြုနိုင်သည်။
            အသုံးအများဆုံး နှင့် လူနာသာမက ပြည်သူ့ကြက်ခြေနီများ အတွက်ပါ သက်သာစေသည်။ ကုန်းတက်ကုန်းဆင်းများသော နေရာများ၊ အဆောက်အအုံ အကွေ့အကောက်များသော နေရာများတွင် အသုံးပြုနိုင်သည်။
- 
                                    
                                        
                    ၁။ လူနာအား ထိုင်လျှက် အနေအထားသို့ ပြုပြင်ပါ။
- 
                                    
                                        
                    ၂။ လူနာအနောက်တွင် ဆောင့်ကြောင့်ထိုင်ပါ။ လူနာ၏ ချိုင်းအောက်မှ မိမိလက်ကို လျှိုထည့်ပြီး မိမိလက်ကောက်ဝတ်အား တင်းတင်းဆုတ်ကိုင်ပါ။  
- 
                                    
                                        
                    ၃။ ဒုတိယမြောက် ကယ်ဆယ်သူသည် လူနာ၏ ခြေထောက်ကြားတွင် ဆောင့်ကြောင့်ထိုင်ကာ လူနာ၏ ဒူးခေါင်းအထက်အား တင်းတင်း သိုင်းဖက်ရမည်။  
- 
                                    
                                        
                    ၄။ လူနာ၏ ခေါင်းရင်းပိုင်းအား ထိန်းသူ (ပုံတွင် ညာဘက်ရှိ ကယ်ဆယ်သူ) ၏ အချက်ပေးချက်အတိုင်း မတ်တပ်ရပ်ရမည်။ ခါး၏အားကို အသုံးမပြုဘဲ ခြေထောက်အား အားအသုံးပြုပြီး မတ်တပ်ရပ်ရမည်။  
 
					

