<
ပုခုံးအားမ၍ ဆွဲနည်း
ကူညီမည့်သူ အရေအတွက် - ၁ ဦး 
သတိပြုရန် - အင်အားသုံးရသောကြောင့် ကယ်ဆယ်သူ အနေဖြင့် ဝေးဝေးလံလံ သယ်ယူရမည်ဆိုလျှင် သယ်နိုင်မည် မဟုတ်ပါ။
ဆွဲနည်းများအနက် လူနာများ အတွက် အထိအခိုက်နည်း သကဲ့သို့ အချိန်တိုတိုနှင့် ဆွဲယူနိုင်သော ဆွဲနည်းဖြစ်သည်။

- 
                                    
                    ၁။ လူနာအား ထိုင်လျှက် အနေအထားသို့ ပြုပြင်ပါ။  
- 
                                    
                    ၂။ လူနာအနောက်တွင် ဆောင့်ကြောင့်ထိုင်ပါ။ လူနာ၏ ချိုင်းအောက်မှ မိမိလက်ကို လျှိုထည့်ပြီး မိမိလက်ကောက်ဝတ်အား တင်းတင်း ဆုတ်ကိုင်ပါ။  
- 
                                    
                    ၃။ မတ်တပ်ရပ်၊ ခါးကော့၊ နောက်ပြန်လျှောက်ပြီး လူနာအား ဘေးကင်းရာသို့ ခေါ်ဆောင်ပါ။ အရိုးဖြောင့်ဖြောင့် ကိုယ်ဖြောင့်ဖြောင့်ထားပြီး သယ်ရန်သတိပြုပါ။  