<
ခြေထောက်မှ ဆွဲနည်း
ကူညီမည့်သူ အရေအတွက် - ၁ ဦး။
ဆွဲနည်းအားလုံးတွင် အချိန်အတိုဆုံး ဖြစ်သော်လည်း လူနာအတွက် အထိအခိုက်အများဆုံး ဖြစ်သည်။
ဆွဲနည်းအားလုံးတွင် အချိန်အတိုဆုံး ဖြစ်သော်လည်း လူနာအတွက် အထိအခိုက်အများဆုံး ဖြစ်သည်။
-
အောက်ပါအခြေအနေတွင်သာ ယခုဆွဲနည်းအား အသုံးပြုရန်၁။ လူနာသည် သတိမေ့မျောနေလျှင်
၂။ လူနာ၏ အသက်သည် အချိန်ဆွဲထားလို့ မရတော့ဘဲ ဘေးကင်းရာသို့ ချက်ချင်း ခေါ်ဆောင်သွားရမည့် အခြေအနေ ဖြစ်နေလျှင် (''Life Over Limb'' ဟု အင်္ဂလိပ်လို မှတ်သားထားနိုင်သည်)။ -
၁။ ကယ်ဆယ်သူသည် လူနာနားတွင် ဆောင့်ကြောင့်ထိုင်ပြီး လူနာ၏ ခြေချင်းဝတ်ကို တင်းတင်းကိုင်ပါ။
-
၂။ မတ်တပ်ရပ်၊ ခါးကော့၊ နောက်ပြန် လျှောက်ပြီး လူနာအား ဘေးကင်းရာသို့ ခေါ်ဆောင်ပါ။ အရိုးဖြောင့်ဖြောင့် ကိုယ်ဖြောင့်ဖြောင့်ထားပြီး သယ်ရန်သတိပြုပါ။
-
လူနာစနစ်တကျ ဆွဲထုတ်နည်းကို အောက်ပါ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။(အင်တာနက်ရှိရန်လိုအပ်ပါသည်။)