<

ထိုင်ခုံဖြင့် သယ်နည်း


ကူညီမည့်သူ အရေအတွက် - ၂ ဦး။

လူနာသယ်နည်းများအနက် အသုံးအများဆုံး နှင့် လူနာသာမက ပြည်သူ့ကြက်ခြေနီများ အတွက်ပါ သက်သာစေသည်။

  • ၁။ လူနာအား ထိုင်ခုံပေါ်သို့ တင်ပါ။
  • ၂။ ထိုင်ခုံအား နောက်လှန်ချပြီး ထိုင်ခုံနောက်ခြေထောက်ဖြင့် လူနာအား ထိန်းထားပါ။
  • ၃။ ဒုတိယမြောက် ကယ်ဆယ်သူသည် လူနာ၏ ခြေထောက်ကြားတွင် ဆောင့်ကြောင့်ထိုင်ကာ ထိုင်ခုံ၏ ရှေ့ခြေထောက်အား တင်းတင်းကိုင်ပါ။
  • ၄။ လူနာ၏ ခေါင်းရင်းပိုင်းအား ထိန်းသူ (ပုံတွင် ညာဘက်ရှိ ကယ်ဆယ်သူ) ၏ အချက်ပေးချက်အတိုင်း မတ်တပ်ရပ်ရမည်။ ခါး၏အားကို အသုံးမပြုဘဲ ခြေထောက်အား အားအသုံးပြုပြီး မတ်တပ်ရပ်ရမည်။