<
စောင်ဖြင့် ဆွဲနည်း
ကူညီမည့်သူ အရေအတွက် - ၁ ဦး။
လူနာအား စောင်/ဖျာ/ပုဆိုး သို့မဟုတ် အခင်း တစ်ခုခုပေါ် တင်ပြီး ဆွဲသွားခြင်း။
            လူနာအား စောင်/ဖျာ/ပုဆိုး သို့မဟုတ် အခင်း တစ်ခုခုပေါ် တင်ပြီး ဆွဲသွားခြင်း။
- 
                                    
                                        
                    ၁။ မိမိတစ်ဦးတည်းရှိလျှင် လူနာအား ပက်လက် အနေအထားမှ ဘေးတစောင်း အနေအထားသို့ သစ်လုံးလှိမ့်သကဲ့သို့ လှိမ့်ပါ။ လူနာအား ဘေးတစောင်း အနေအထားဖြင့် ထိန်းပြီး လူနာအောက်တွင် အခင်း/စောင်အား ထည့်သွင်းပါ။  
- 
                                    
                                        
                    ၂။ လူနာအား စောင်ပေါ်သို့ လှိမ့်တင်ပါ။ ပြီးနောက် စောင်၏ အနားတစ်ဖက်အား လူနာအောက်မှ ဆွဲယူပါ။  
- 
                                    
                                        
                    ၃။ လူနာအား ပက်လက် အနေအထားတိုင်း ပြန်ပြုပြင်ပါ။  
- 
                                    
                                        
                    ၄။ စောင်အား ဆွဲရာတွင် ခေါင်းရင်းဘက်မှ ဆွဲယူရမည်။ အရိုးဖြောင့်ဖြောင့် ကိုယ်ဖြောင့်ဖြောင့် နည်းအတိုင်း ဆွဲရမည်။(သတိပြုရန် - ကယ်ဆယ်သူ၏ ခြေထောက် နှင့် မြေကြီး တွန်းကန်အား အသုံးပြုရမည်။ သို့မဟုတ်ပါက ပင်ပန်းရုံသာဖြစ်ပြီး လူနာ လိုသလောက် ရွေ့မည် မဟုတ်ပါ။)  
 
					

