<

ဆီးခုံ


ဆီးအိတ် နှင့် ဆီးခုံရိုး/တင်ပါးဆုံရိုးကို ထိခြင်း/မထိခြင်းက လူနာ၏ အသက်ရှင်နှုန်းကို အဓိက ဆုံးဖြတ်ပေးမှာဖြစ်ပါသည်။ ထို့ကြောင့် ဆေးရုံ၊ ဆေးခန်းကို အချိန်မီ အရောက်သွားဖို့ လိုပါသည်။

  • ၁။ ဒဏ်ရာကို ရေသန့် (သို့) NS (အကြောသွင်းဆေးရည်) များများဖြင့် ဆေးပါ။
  • ၂။ Betadine (သို့) ဆေးဝါရည် ထည့်ပါ။
  • ၃။ Sterile Gauze (ပိုးသတ်ပတ်တီးစ) (သို့) အဝတ်သန့်ဖြင့် ဖိ၍ ဒဏ်ရာကို ပိတ်ထားပါ။
  • ၄။ စုတ်ပြဲဒဏ်ရာ/ပြတ်ရှဒဏ်ရာရှိပြီး သွေးထွက်များနေလျှင် ဒဏ်ရာအပေါက်ထဲကို Sterile gauze (ပိုးသတ်ပတ်တီးစ) ထူထူလိပ်ထည့်ပေးထားပြီး သွေးထွက်နည်းရန် လုပ်ဆောင်ပါ။
  • ၅။ ဒဏ်ရာထဲတွင် ကျည်ဆံ (သို့) တခုခု စိုက်နေပါက စိုက်နေသော ပစ္စည်းကို ဆွဲမထုတ်ရပါ။ ဒဏ်ရာပိုဆိုးပြီး နောက်ဆက်တွဲ ရောဂါ ဝင်နိုင်ပါသည်။
  • ၆။ အပေါ်မှ ပတ်တီး (သို့) ပုဆိုး (သို့) အဝတ် (သို့) စောင်ဖြင့် ဆီးခုံရိုးကို တင်းကြပ်စွာ ပတ်ထားပြီး တတ်နိုင်သလောက် မလှုပ်စေဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့ မိနစ် ၃၀ အတွင်း အမြန်ဆုံး ပို့ဆောင်ပါ။ ခွဲခန်းဖြင့် ခွဲပေးနိုင်သော နေရာကိုဦးစားပေး ခေါ်သွားပါ။