<

အသက် အန္တရာယ် ရှိသော အခြေအနေ



  • အသက် အန္တရာယ် ရှိသော လက္ခဏာများမှာ
    - အသက်မရှူနိုင်ခြင်း
    - ရင်ကြပ်နေခြင်း
    - စကားမပြောနိုင်ခြင်း
    - သတိမေ့နေခြင်း
    - အဆက်မပျက် ချောင်းဆိုးနေခြင်း
    - မျက်နှာ၊ လည်ပင်းမှ အရည်ပြား အရောင်ပြောင်း၍ လောင်နေခြင်း
    - ဆံပင်မွှေးများ၊ နှာခေါင်းမွှေးများ မီးလောင်ဒဏ်ရာ ရှိနေခြင်း
  • ၁။ အထက်ပါ အခြေအနေများ ကဲ့သို့ ဖြစ်နေလျှင် လူနာအား အသက်ရှူနိုင်အောင် ပြုလုပ်ပေးပါ။
    အောက်မေးရိုးဆွဲ၍ ပါးစပ်ဖြင့် ရှူနိုင်အောင် လုပ်ပေးရမည်။ အောက်စီဂျင် ရနိုင်လျှင် အမြန်ပေးထားရမည်။
  • ၂။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပေးပါ။
    ပို့နေသော လမ်းကြောင်းတွင် ခြောက်သွေ့သော အဝတ်၊ ပိတ်စ များဖြင့်လူနာကို ဝတ်ထားပေးပါ။
  • ၃။ ရင်ဘတ် တစ်ပြင်လုံး ၊ ဝမ်းဗိုက် တစ်ခုလုံး ၊ ခြေ လက် အစိတ်အပိုင်း တစ်ခုလုံး မီးလောင်ခံရပါကလည်း ဆေးရုံတွင် မဖြစ်မနေ ကုသရမည် ဖြစ်သည်။