<
(Caregiver) ပြုစုစောင့်ရှောက်သူ လုပ်ပေးရမည့် အရာများ
-
လူနာ၏ ရောဂါလက္ခဏာများကို ပုံမှန်ဆန်းစစ်ပါ။
ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ခြေရှိသော လူနာများ (နာတာရှည် ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်) ကို အထူးဂရုစိုက် စောင့်ရှောက်ပါ။
-
လူနာအား ဆရာဝန် ညွှန်ကြားထားသည့် ဆေးများအား အချိန်မှန် တိုက်ပေးခြင်း၊ အဖျားတက်လာပါက အဖျားကျစေရန် ပြုလုပ်ပေးရသော နည်းလမ်းများ ပြုလုပ်ခြင်း၊ လိုအပ်ပါက အောက်ဆီဂျင် ပေးခြင်းများကိုပါ လေ့လာ၍ ပြုလုပ်ပေးရပါမည်။
-
-
-
-
-
လူနာအား ကောင်းစွာ အနားယူခိုင်းခြင်း၊ ရေများများ သောက်စေခြင်း၊ သန့်ရှင်းပြီး အာဟာရ ရှိစေသော အစားအသောက်များအား စားသောက်စေနိုင်ရန် စီစဥ်ပေးခြင်း လူနာအား ကြိုးစား စားသောက်ရန် တိုက်တွန်းခြင်းများ ပြုလုပ်ပေးရမည်။
-
ဓာတ်ဆား / ငှက်သိုက် / ကြက်ပေါင်း/ အားရှိစေပြီး ချွဲမထစေသော အရည် များများသောက်ပေးဖို့ လိုပါသည်။ အဓိက Nutrition များများဝင်အောင် စားခိုင်းပါ။ လုံးဝမစားနိုင်ပါက အားဆေးချိတ်ပါ။
-
လူနာအား ဧည့်သည်များနှင့် တွေ့ခြင်း၊ အိမ်လည်ခြင်း၊ လူနာ၏ အိမ်မွေး တိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းများကို ကန့်သတ်ထားရမည်။
-
လူနာ၏ လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူပေးခြင်း၊ ထောက်ပံ့ပေးခြင်းများကို စည်းစနစ်တကျ ပြုလုပ်ပေးရမည်။