-
လူနာအား အိမ်တွင် (isolation) သီးသန့် ထားရှိကုသရန် လိုအပ်ပါသည်။ လူနာနှင့် တိုက်ရိုက်ထိတွေ့မှုကို အတက်နိုင်ဆုံး ရှောင်ရှားရမည်။
စကားပြောရန် လိုအပ်ပါက တတ်နိုင်သမျှ ဖုန်းဆက်ပြောပါ။ ထိတွေ့ကိုင်တွယ်ရန် လိုအပ်ပါကလည်း Personal protective equipment (PPE) များကို နည်းလမ်းတကျ ဝတ်ဆင်ထားရမည်။ လူနာနှင့် အနည်းဆုံး ၆ ပေအကွာတွင် နေရမည်။
-
လူနာအား စောင့်ရှောက်ပေးမည့်သူသည်
တခြားသူများနှင့် နီးကပ်စွာ (၆ ပေအကွာအတွင်း) စကားပြောခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းများကို မပြုလုပ်မိရန် အထူးသတိထား ရှောင်ကြဉ်ရပါမည်။
-
လူနာအား ပြုစုကုသနေစဉ် နှင့် ကုသပြီးနောက်တွင်
ပြုစုစောင့်ရှောက်သည့်သူသည် တခြားသူများအား ကူးစက်မှုမှ ကာကွယ်ရန် quarantine ပြုလုပ်နေထိုင်ရန် လိုအပ်ပါသည်။