<
            
            လူနာ ကိုယ်တိုင် သန့်ရှင်းရေး မပြုလုပ်နိုင်ပါက
    
                                                            
            
            
            
            
            
                            - 
                                    
                                        
                    
                                             
                        လူနာ၏အခန်းသို့ မဝင်ရောက်ခင် ကိုယ်တိုင် mask တပ်ရန်နှင့် လူနာအား mask တပ်ခိုင်းထားရန် အရေးကြီးပါသည်။ ပြီးမှသာ သန့်ရှင်းရေး လုပ်ရပါမည်။                     
                                             
- 
                                    
                                        
                    
                                             
                        လူနာအခန်းသို့ သန့်ရှင်းရေး ပြုလုပ်မည့်သူသည် PPE၊ mask ၊ လက်အိတ်များကို စနစ်တကျ ဝတ်ဆင်ရန် လိုအပ်ပါသည်။ PPE ဝတ်စုံအား စနစ်တကျ ဝတ်ခြင်း နည်းလမ်းကို အောက်ပါ video clip တွင်ကြည့်ရှုနိုင်ပါသည်။                     
                                             
- 
                                    
                                        
                    
                                             
                        ထို့နောက်တွင် လူနာ၏ နေရာနှင့် အသုံးပြုထားသော ပစ္စည်းများကိုသာ ပိုးသတ်ဆေးဖြန်းခြင်းကို လုပ်ဆောင်ပြီး လူနာနှင့်တိုက်ရိုက် ထိတွေ့ခြင်းမျိုးကို တက်နိုင်သမျှ ရှောင်ရှားရပါမည်။                     
                                             
- 
                                    
                                        
                    
                                             
                        လူနာ၏ အခန်းကို လေဝင်လေထွက် ကောင်းစေရန် တံခါးပေါက်ဖွင့်ခြင်း၊ ပန်ကာဖွင့်ခြင်းများကို ပြုလုပ်သင့်ပါသည်။                      
                                             
- 
                                    
                                        
                    
                                             
                        လူနာစားသောက်ပြီးနောက် ပန်းကန်များ၊ အသုံးအဆောင်များကို ဆေးကြောပါက လက်အိတ်၊ mask၊ face shield  များကို သေချာစွာ တပ်ထားရန် လိုအပ်ပါသည်။                      
                                             
- 
                                    
                                        
                    
                                             
                        ထို့နောက် ပန်းကန်၊ အသုံးအဆောင်များကို ဆပ်ပြာ၊ ရေနွေး (hot water) ဖြင့် ဆေးကြောပေးပါ။                      
                                             
- 
                                    
                                        
                    
                                             
                        သန့်ရှင်းရေးပြုလုပ်ပြီးပါက လက်ဆေးရန်နှင့် လက်အိတ်၊ mask များကို ချွတ်ပြီးပါကလည်း လက်ဆေးရန် လိုအပ်ပါသည်။                      
                                             
- 
                                    
                                        
                    
                                             
                        လူနာ၏ အသုံးပြုထားသော အဝတ်အစားကို လျှော်ဖွတ်ရာတွင် ရေနွေးနှင့် detergent ပါဝင်သော အဝတ်လျှော် ဆပ်ပြာများဖြင့် လျှော်ရန် လိုအပ်ပါသည်။ လျှော်ဖွတ်ရာတွင်လည်း mask၊ လက်အိတ်များကို ဝတ်ဆင်ထားရန် လိုအပ်ပါသည်။                      
                                             
- 
                                    
                                        
                    
                                             
                        လူနာအသုံးပြုထားသော ပစ္စည်းအမှိုက်များကို အမှိုက်အိတ်ပေါ်တွင် အမှတ်အသား ပြုလုပ်ပေးပြီး သတ်မှတ်ထားသော နေရာတွင် စနစ်တကျ စွန့်ပစ်ပေးရပါမည်။                     
                                             
- 
                                    
                                        
                    
                                             
                        အမှိုက်အိတ်များကို ကိုင်တွယ်စွန့်ပစ်ရာတွင်လည်း လက်အိတ်၊ mask ကိုဝတ်ဆင်ထားရပါမည်။                      
                                             
- 
                                    
                                        
                    
                                             
                        အမှိုက်ပစ်ပြီးလျှင်လည်း လက်ကိုပြန်လည်ဆေးပေးရန် လိုအပ်ပါသည်။