- 
                                    
                                        
                    
                        အဖြစ်များသော ရောဂါလက္ခဏာများမှာ                     
                        - အဖျားကြီးခြင်း (≥100 F)
 - ချောင်းခြောက်ဆိုးခြင်း
 - အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
 - အသက်ရှုကြပ်ခြင်း
 - ဝမ်းပျက်ဝမ်းလျှောခြင်း
 - အနံ့မရခြင်း၊ အရသာ မရခြင်း
 
                                             
- 
                                    
                                        
                    
                        အချို့လူနာများတွင်                     
                        - သလိပ်ထွက်ခြင်း
 - မောခြင်း
 - လည်ချောင်းနာခြင်း
 - ခေါင်းကိုက်ခြင်း
 - အန်ခြင်း
 - မျက်လုံးနီရဲခြင်း
 - ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း
 - အရေပြားတွင် အနီကွက်များထွက်ခြင်း
 
- 
                                    
                                        
                    
                        ရောဂါပိုး ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြသော အချိန်အထိ (၁)ရက်မှ (၁၄)ရက်အထိ ကြာတတ်ပြီး အများစုမှာ     (၄-၅) ရက်အတွင်း လက္ခဏာ ပြတတ်ပါသည်။                     
                                             
                                             
- 
                                    
                                        
                    
                        အအေးမိ တုပ်ကွေးရောဂါနှင့် COVID-19 ရောဂါ လက္ခဏာ များမှာ အများစု တူညီပါသည်။                      
                        ခွဲခြားရန် အလွန်ခက်ပါသည်။ ဖြစ်ကာစတွင် ဖျားခြင်း၊ နှာစေး ချောင်းဆိုးခြင်းများ ရှိနိုင် သော်လည်း COVID-19 ရောဂါတွင် အဖျားကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း နှင့် အသက်ရှုကြပ်ခြင်း လက္ခဏာများမှာ ပိုမိုတွေ့ရှိ ရတတ်ပါသည်။                      
                                             
- 
                                    
                                        
                    
                        ထိုလက္ခဏာများ ခံစားရလျှင် မိမိတို့ဒေသအလိုက် သက်ဆိုင်ရာ မြို့နယ်တယ်လီကျန်းမာ (Telehealth) မှတဆင့် (သို့မဟုတ်) ဖုန်းနံပါတ်သို့ခေါ်ဆိုပြီး ကျန်းမာရေးဝန်ထမ်း တစ်ဦးနှင့် ဦးစွာတိုင်ပင်ပါ။                     
                        ဖုန်းဖြင့်တိုင်ပင်ပြောဆိုခြင်း မပြုလုပ်ရသေးဘဲ ဆေးရုံ၊ ဆေးခန်းသို့ တိုက်ရိုက်မသွားသင့်ပါ။                     
- 
                                    
                                        
                    
                        မိမိနေအိမ်တွင် လက်ဖျားထိပ် အောက်ဆီဂျင် တိုင်းတာသည့် ကိရိယာ (Pulse Oximeter) နှင့် ကိုယ်အပူချိန်တိုင်း ကိရိယာ (Thermometer) ကို ဆောင်ထားရန် လိုအပ်ပါသည်။                     
                                             
                                             
- 
                                    
                                        
                    
                        လက်ဖျားထိပ် အောက်ဆီဂျင် ပြည့်ဝနှုန်း (SpO2) ၉၂% နှင့် အောက်ဆိုလျှင် နီးစပ်ရာ ဆေးကုသရေး ဌာနများသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသရန် လိုအပ်ပါသည်။                     
                                             
                                             
-