<
            
            လူနာအဆုတ်ထဲ အောက်ဆီဂျင် ပိုမိုရရှိအောင် လုပ်နည်း
    
                                                            
            
            
            
            
            
                            - 
                                    
                                        
                    
                        ဤနည်းလမ်းကို နှလုံးရောဂါ၊ ကြောရိုးဆစ်ရောဂါလို ပြဿနာမျိုး မရှိသူ၊ ကိုယ်ဝန်မရှိသူ သာမန်လူကောင်း အောက်ဆီဂျင်ပမာဏ ပိုမိုလိုအပ်နေသူသာ အသုံးပြုရပါမည်။                      
                        လူနာသည် လုံးဝ သတိမေ့နေလျှင် (သို့မဟုတ်) SpO2 90 % အောက်ရောက်နေလျှင် ဆေးရုံသို့သာ အမြန်ဆုံး ပို့ဆောင် ပေးရပါမည်။
 အဝလွန်လွန်းတဲ့လူနာတွေ ကြွက်သားသွေးပြန်ကြော သွေးခဲတဲ့ ရောဂါရှိသူတွေအတွက် ကျွမ်းကျင်သူ အကြံဉာဏ်မပါဘဲ မသုံးသင့်ပါ။
 
                                             
- 
                                    
                                        
                    
                        အောက်ပါပုံအတိုင်း အဆင့် (၅) ဆင့်ကို လုပ်ဆောင်ပါ။                     
                        မည်သည့် ကိရိယာမှ မလိုပါ။ ခေါင်းအုံးရှိရင်ကို ရပါပြီ။ လူနာကိုအချိန်မှန်မှန် အနေအထားပြောင်းလဲပေးနိုင်ရန် ဘေးကတစ်ယောက်ကသတိပေးပါ။                     
- 
                                    
                                        
                    
                        အနေအထား (၁)                     
                        လူနာကို မှောက်လျှက် အနေအထားအတိုင်း ပြင်ညီအိပ်ရာပေါ်မှာ မိနစ် (၃၀) ကနေ ၂ နာရီအထိ လူနာနေနိုင်သလောက် နေခိုင်းပါ။ (မွေ့ရာပါလည်း ရပါသည်။ ပုံထဲကအတိုင်းကြည့်၍ လုပ်ဆောင်နိုင်ပါသည်။)                      
                                             
- 
                                    
                                        
                    
                                             
                        ယေဘူရအားဖြင့် မှောက်လျက်အနေအထားပြုလုပ်ရာတွင် ဦးခေါင်းအောက်တွင် ခေါင်းအုံး တစ်လုံး၊ ရင်ဘက်အောက်တွင် တစ်လုံး၊ ခါး ပေါင်ရင်း အောက်တွင် တစ်လုံး၊ ပေါင် (သို့) ခြေသလုံး အောက်တွင် တစ်လုံး လိုအပ်ပါသည်။ လိုအပ်ပါက လက်အောက်တွင်ပါ တစ်လုံး ထားနိုင်ပါသည်။                     
                                             
- 
                                    
                                        
                    
                        အနေအထား (၂)                     
                        ညာဘက်ကို စောင်းပြီး မိနစ် (၃၀) ကနေ ၂ နာရီအထိ နေခိုင်းပါ။ သက်တောင့်သက်သာအနေအထားဖြင့် ညာဘက် ဘေးစောင်းပုံစံဖြစ်သည်။ ဦးခေါင်းအောက်တွင် ခေါင်းအုန်းတစ်လုံး လိုအပ်သည်။                     
                                             
- 
                                    
                                        
                    
                        အနေအထား (၃)                     
                        လူနာကို ကျောစောင်းစောင်းလေး အနေအထားနဲ့ ထိုင်ခိုင်းပြီး မိနစ် (၃၀) ကနေ ၂ နာရီအထိ နေခိုင်းပါ။ 
 (၃၀ ကနေ ၆၀ ဒီဂရီလောက် ခပ်စောင်းစောင်းလေး လှဲထိုင်နိုင်အောင် လုပ်ပေးပါ။)
 
                                             
- 
                                    
                                        
                    
                        အနေအထား (၄)                     
                        ဘယ်ဘက်ကို စောင်းပြီး မိနစ် (၃၀) ကနေ ၂ နာရီအထိ နေခိုင်းပါ။ သက်တောင့်သက်သာအနေအထားဖြင့် ဘယ်ဘက် ဘေးစောင်းပုံစံဖြစ်သည်။ ဦးခေါင်းအောက်တွင် ခေါင်းအုန်းတစ်လုံး လိုအပ်သည်။                     
                                             
- 
                                    
                                        
                    
                        အနေအထား (၅)                     
                        ပထမဆုံး အနေအထားအတိုင်း လူနာကို မှောက်လျှက် ပြင်ညီအိပ်ရာပေါ်မှာ မိနစ် (၃၀) ကနေ ၂ နာရီအထိ လူနာနေနိုင်သလောက်နေခိုင်းပါ။                     
                                             
- 
                                    
                                        
                    
                        အဲ့ဒီအတိုင်း (၁) ကနေ (၅) အထိလှည့်ပြီး နေသွားခိုင်းပါ။                     
                                             
                                             
- 
                                    
                                        
                    
                        အဓိက ရည်ရွယ်ချက်မှာ လူနာအား အသက်ရှူရာတွင် လွယ်ကူသက်သာစေရန် သက်တောင့်သက်သာ ဖြစ်စေရန် ဖြစ်သည်။                     
                        သက်တောင့်သက်သာ မဖြစ်ပါက ပုံစံအနေအထား ခေါင်းအုန်းအနေအထား၊ အရေအတွက်များ ချိန်ညှိရန် လိုအပ်ပါသည်။                     
                                             
- 
                                    
                                        
                    
                        အစာစားပြီးချိန် တစ်နာရီအတွင်း မလုပ်သင့်သေးပါ။                     
                                             
                                             
- 
                                    
                                        
                    
                        သွေးထဲက အောက်ဆီဂျင်ပမာဏ ရာနှုန်းတိုင်းတဲ့ SpO2 တိုင်းစက် အတတ်နိုင်ဆုံး မှန်ကန်တိကျဖို့ လိုအပ်ပါသည်။                      
                        ဤနည်းလမ်းမှာ သွေးတွင်းအောက်စီဂျင် 94% အောက် ရောက်နေသူများ အတွက်သာ ဖြစ်ပါသည်။ 90% အောက် ရောက်နေပါက ဆေးရုံသို့သာ ခေါ်ဆောင်သွားပေးပါ။ ဆေးရုံသို့သွား၍ မရပါက နီးစပ်ရာ ဆရာဝန်ကို အမြန်ဆုံး ဆက်သွယ်ပါ။