<
            
            (Quarantine) ကွာရန်တင်း အခန်းလုပ်နည်း
    
                                                            
            
            
            
            
            
                            - 
                                    
                                        
                    
                        လေဝင်အထွက်ကောင်းသော အခန်းကိုရှာပါ။ တံခါးပိတ်၍ရသော အခန်းဖြစ်ပါစေ။                     
                        မရှိလျှင် ပလတ်စတစ်စ၊ ကန့်လန့်ကာစ ဖြင့် အခန်းဖွဲ့ပါ။                     
                                             
- 
                                    
                                        
                    
                        လူခေါ်ဘယ်လ် ထားပေးပါ။                      
                        ဝီစီမှုတ် ခေါ်ရန် ဝီစီ ထားလို့လည်း ရပါသည်။                     
                                             
- 
                                    
                                        
                    
                        အခန်းတွင် အိပ်ယာ၊ ခြင်ထောင်၊ ထမင်းစား စားပွဲ၊ ထိုင်ခုံ သီးသန့်ထားပေးပါ။                     
                                             
                                             
- 
                                    
                                        
                    
                        လူနာကိုယ်တိုင် လုပ်စားနိုင်ရန် သောက်ရေသန့်၊ လျှပ်စစ်ရေနွေးအိုး၊ ကော်ဖီမစ်၊ မုန့်ခြောက် နှင့် အခြားစားစရာများ အခန်းတွင်း သီးသန့်ထားပေးပါ။                     
                                             
                                             
- 
                                    
                                        
                    
                        အမှိုက်စွန့်ပစ်ရန် အဖုံးပါသည့် အမှိုက်ပုံး သီးခြားထားပေးပါ။                      
                                             
                                             
- 
                                    
                                        
                    
                        တွဲရက် အိမ်သာမရှိပါက အပေါ့သွားအိုး ထားပေးပါ။                      
                        (လူနာကိုယ်တိုင် ဆေးဖြန်းပြီး သွန်ပါစေ။)                     
                                             
- 
                                    
                                        
                    
                        လူနာကိုယ်တိုင် တိုင်းနိုင်သည့် ကိုယ်ပူတိုင်းစက် (သို့) ပြဒါးတိုင်၊ အောက်ဆီဂျင် တိုင်းစက်၊ သွေးပေါင်ချိန်စက်တို့ ဝယ်ထားပြီး တိုင်းနည်းသင်ထားပေးပါ။                     
                                             
                                             
- 
                                    
                                        
                    
                        လက်ဆေးဇလုံ၊ Mask ၊ လက်အိတ် ၊ ဆပ်ပြာရည်၊ Hand gel တို့ကို အခန်း၀ အထွက်မှာ ထားပေးပါ။                     
                                             
                                             
- 
                                    
                                        
                    
                        အိမ်သားများမှ စားစရာနှင့် အခြားပစ္စည်းများ ပေးချင်လျှင် အခန်းဝ တွင် ထားခဲ့ပါ။                     
                        စကားပြောရန် လိုအပ်ပါက ဖုန်းဆက်ပြောပါ။                     
                                             
- 
                                    
                                        
                    
                        ရေချိုးခန်း အိမ်သာ သုံးပြီးတိုင်း ကိုယ်တိုင် သန့်ရှင်းရေး လုပ်နိုင်ရန် ဆေးဖြန်းပုံး အသေးလေး ရေချိုးခန်းအနီး စီစဥ်ထားပါ။                     
                        မည်သူမဆို ရေချိုးခန်းမဝင်မီ နှင့် ဝင်ပြီးတိုင်း သန့်ရှင်းပါ။