<
စစ်ဆေးပုံ နည်းစနစ် နှင့် လွှင့်ပစ်ပုံ
- 
                                    
                                        
                    ၁။ လေဝင်လေထွက် ကောင်းသော နေရာတွင် လုပ်ပါ။
- 
                                    
                                        
                    ၂။ စစ်ခံမည့်သူကို နောက်မှီပါသောခုံတွင် ထိုင်ခိုင်းပါ။ ကိရိယာများတင်ရန် ခုံတစ်ခုထားပါ။
- 
                                    
                                        
                    ၃။ စစ်ပေးမည့်သူက mask, face shiled, လက်အိတ် ဝတ်ပါ။
- 
                                    
                                        
                    ၄။ ပိုးသတ်ဆေးရည် (disinfectant) တစ်ခုခု အဆင်သင့် ပြင်ထားပါ။
- 
                                    
                                        
                    ၅။ sealed bag ကို ready ပြင်ထားပါ။
- 
                                    
                                        
                    ၆။ buffer bottle ကို ကြိုဖွင့်ထားပါ။(swab ယူပြီးမှ ဖွင့်လျှင် swab stick ကြီး တရမ်းရမ်းဖြစ်မည်။) (တချို့ test kit များတွင် buffer အရည်က သပ်သပ်၊ ထည့်ရမည့် ဗူးက သပ်သပ်လာလျှင် အရည်ကို ဗူးထဲကြိုထည့်ထားပါ။)  
- 
                                    
                                        
                    ၇။ လူနာကို ခေါင်းမော့ခိုင်းပါ။swab stick ကို ခဲတံကိုင်သည့်အတိုင်း ကိုင်ပါ။ နှာခေါင်းထဲသို့ horizontally အလျားလိုက် ဖြည်းဖြည်းချင်းထည့်ပါ။ resistance ရှိလျှင် နောက်နည်းနည်း ပြန်ဆုတ်ပြီးထည့်ပါ။ နှာအဆုံးထိဆိုလျှင် stick တစ်ဝက်ကျော်ကျော်လောက်ဝင်သည်။  
- 
                                    
                                        
                    နှာအဆုံးရောက်လျှင် ၅ စက္ကန့် ခဏထားပြီး stick ကို 360 degree ၃-၄ ပတ်လောက်လှည့်ပေးပါ။ပြီးလျှင် ပြန်ဆွဲထုတ်ပါ။ နောက်တစ်ဖက်ကို အထက်ပါအတိုင်းလုပ်ပါ။  
- 
                                    
                                        
                    ၈။ swab ယူပြီးလျှင် swab stick ကို အဖုံးဖွင့်ထားသည့် buffer bottle ထဲ တန်းထည့်ပါ။အထက်အောက် ၄/၅ ကြိမ်လောက် အရည်ထဲတွင် မွှေပါ။ ပြီးလျှင် swab stick ကိုထုတ်ပြီး sealed bag ထဲ တန်းထည့်ပါ။  
- 
                                    
                                        
                    ၉။ buffer bottle ကို nozzle တပ်ပါ။ တပ်ပြီးလျှင် ဘူးကို အနည်းငယ် လှုပ်ပါ။
- 
                                    
                                        
                    ၁၀။ လက်အိတ် လဲပါ။ လက်အိတ် အဟောင်းကို sealed bag ထဲ လွှင့်ပစ်ပါ။
- 
                                    
                                        
                    ၁၁။ device ရှိ အဝိုင်းပေါက်ထဲသို့ ၂ စက် /၃ စက်ချပါ။  
- 
                                    
                                        
                    ၁၂။ အရည်တွေ လေထုထဲသို့ အငွေ့မပျံစေရန် device ကို စက္ကူ (သို့မဟုတ်) တခုခု နှင့် အုပ်ထားပါ။
- 
                                    
                                        
                    ၁၃။ ၁၅ မိနစ် / မိနစ် ၂၀ ခန့် ကြာလျှင် အဖြေကို ဖတ်ပါ။  
- 
                                    
                                        
                    ၁၄။ အဖြေဖတ်ပြီးလျှင် device buffer bottle အားလုံးကို sealed bag ထဲထည့်ပါ။
- 
                                    
                                        
                    ၁၅။ sealed bag ထဲသို့ ပိုးသတ်ဆေးရည် (disinfectant) ကို ခုနက ပစ္စည်းများ မြှုပ်သည်အထိထည့်ပါ။
- 
                                    
                                        
                    ၁၆။ seal လုပ်ပြီး သေချာစွာ လွှင့်ပစ်ပါ။
- 
                                    
                                        
                    ၁၇။ လက်ဆေးပါ။
- 
                                    
                                        
                      
- 
                                    
                                        
                      
 
					

