<
            
            အောက်ဆီဂျင်အိုး အသုံးပြုနည်း
    
                                                            
            
            
            
            
            
                            - 
                                    
                                        
                    
                        အောက်ဆီဂျင် မီတာဗူးကို ဖွင့်ဖောက်ပါ။                     
                                             
- 
                                    
                                        
                    
                        အထဲတွင် အောက်ပါ ပစ္စည်းသုံးခု ပါဝင်ပါမည်။ (မီတာပါအပိုင်း+ရေထည့်ဗူး+လေရှူပိုက်)                     
                                             
- 
                                    
                                        
                    
                        ရေထည့်ဗူးကို မီတာပါအပိုင်းနှင့် တပ်ဆင်ရာတွင် မီတာဒိုင်ခွက်ပါသည့် အပိုင်းရှိရာဘက်သို့ ရစ်၍ အရစ်ဆုံးသည်အထိ သေချာကြပ်ရမည်။                     
                                             
- 
                                    
                                        
                    
                        အောက်ဆီဂျင် ဗူး၏ ပိုက်ခေါင်းတွင် မီတာအား ဂွရှင်ကို အသုံးပြု၍ အောက်ဘက်သို့ရစ်၍ အရစ်ဆုံးသည်အထိ သေချာတပ်ဆင်ပါ။                     
                        ရေထည့်ဗူးအား မီတာဒိုင်ခွက်၏ ဝေးရာဘက်သို့ အရစ်လှည့်ဖွင့်ပြီး ရေသန့် တစ်ဝက်ခန့် ဖြည့်ပြီး ပြန်လည်တပ်ဆင်ပါ။                     
- 
                                    
                                        
                    
                        အောက်ဆီဂျင်ဗူးတွင်ပါသော အဖွင့်အပိတ်ဘားအား မီတာဒိုင်ခွက်ရှိရာဘက်သို့ သုံးပတ်ခန့် လှည့်ဖွင့်ပါ။                     
                        ဒိုင်ခွက်ရှိမျှားတံသည် အောက်ဆီဂျင်လက်ကျန်အား ပြသပြီဆိုပါက မီတာရှိ (Shut & Open) စာတန်းပါ အရှိန်နှုန်းထိန်းသည့် ခလုတ်အဝိုင်းအား မီတာဒိုင်ခွက်၏ ဝေးရာဘက်သို့ ဖြေးညှင်းစွာ လှည့်ဖွင့်၍ ဆရာဝန်ညွှန်ကြားထားသည့် မိမိလိုအပ်သော ပမာဏကို ချိန်ညှိပါ။                     
- 
                                    
                                        
                    
                        မီတာဒိုင်ခွက်ဘေးရှိ အရှိန်နှုန်းပြ ဖန်ပြွန်ချောင်းထဲတွင် ဘောလုံးအသေးလေးသည် သင်ချိန်ညှိိသည့်အတိုင်း ထက်အောက် တက်လိုက်ကျလိုက်ဖြင့် ပြသနေလိမ့်မည်။                     
                        ဆရာဝန်၏ သီးခြားအကြံပြုချက် မရှိပါက ပုံမှန် 2/3 လောက်သာထားရှိ၍ အသုံးပြုရန် အကြံပြုလိုပါသည်။ ဆရာဝန်ညွှန်ကြားမှု မပါလျှင် 5နှုန်းထက်ကျော်လွန်၍ အသုံးမပြုပါနှင့်။                      
- 
                                    
                                        
                    
                        ရေထည့်ခွက်ရှိ ရေများပလုံစီထ၍ မီတာ၏ လေထွက် ပေါက်မှ လေထွက်သံစကြားရပြီဆိုလျှင် ရပါပြီ။ ထိုအချိန်မှ မီတာရေထည့်ဗူး လေထွက်ပေါက်တွင် လေရှူပိုက်တပ်ဆင်၍ အသုံးပြုပါ။                     
                                             
- 
                                    
                                        
                    
                        အောက်ဆီဂျင် ပေးလျှင် ပစ်ထား၍ မရပါ။ မကြာခဏ တိုင်းကြည့်ကာ လိုအပ်လျှင် အတိုးအလျှော့ လုပ်ပေးပါ။                       
                        အောက်ဆီဂျင်အိုး ကုန်/မကုန် အမြဲ စစ်ကြည့်ပါ။ အောက်ဆီဂျင်ကို တွက်ဆပြီး အိုးအလုံအလောက် ရှာထားပါ။ ၂၄နာရီပြည့်တိုင်း ရေအသစ်လဲပေးပါ။ ရေသန့်ကိုသာ ထည့်ပါ။                      
                                             
- 
                                    
                                        
                    
                        အသုံးပြုပြီးလျှင် မီတာရှိ (Shut & Open) စာတန်းပါ အရှိန်နှုန်းထိန်းသည့် ခလုတ်အဝိုင်းအား အရင်ပိတ်ပါ။ (ဘောလုံးလေး အောက်သို့ ကျသွားရပါမည်။)                       
                        ထို့နောက် အောက်ဆီဂျင်အိုးတွင် ရှိသော ခလုတ်ကို တင်းကြပ်စွာ ပိတ်ပါ။ ရေခွက်ထဲတွင် ဆူနေသော ရေများ/ရေပူဖောင်းလေးများ ရပ်သွားသည်အထိ ပိတ်ပါ။                      
                                             
- 
                                    
                                        
                    
                        အောက်ဆီဂျင်အိုးအား မီးဖို၊ မီးနှင့်ပတ်သက်သော နေရာများနှင့် ဝေးဝေး ထားပေးရပါမည်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ခေါင်းလိမ်းဆီ အစရှိသော ဆီများနှင့် လုံးဝမထိမိအောင် ထားပါ။                      
                        အိုးနားမှာ ဆေးလိပ်မသောက်ရပါ။ အနီးအနားတွင် ဖယောင်းတိုင် မထွန်းရပါ။ အောက်ဆီဂျင်သည် ကိုယ်တိုင် မီးမလောင်နိုင်သော်လည်း မီးလောင်ခြင်းကို အားပေးသောကြောင့် သတိပြု ဆင်ခြင်ရပါမည်။                     
                                             
- 
                                    
                                        
                    
                        အောက်ဆီဂျင်အိုးကို လဲမကျစေရန် ခိုင်မာသော အရာတစ်ခုခုမှာ ချည်နှောင်ထားရပါမည်။                     
                        လေဖြည့်ထားသော အောက်ဆီဂျင်အိုးသည် အတွင်းထဲမှာ လေပေါင် pressure 1800psi ရှိသည့်အတွက် လေရှိနေသော အိုးတွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ပစ်ချခြင်းများကို ရှောင်ကြဥ်ရပါမည်။                     
                                             
- 
                                    
                                        
                    
                        အောက်ဆီဂျင်အိုး အသုံးပြုနည်း သရုပ်ပြ ဗီဒီယို