<
            
            အောက်ဆီဂျင်စက် အသုံးပြုနည်း
    
                                                            
            
            
            
            
            
                            - 
                                    
                                        
                    
                        အောက်ဆီဂျင်စက် (Oxygen Concentrator) အသုံးပြုနည်း သရုပ်ပြ ဗီဒီယို                     
                                             
                                             
- 
                                    
                                        
                    
                        Oxygen Concentrator ကို သယ်ယူရာတွင် ဖြစ်စေ၊ သိမ်းဆည်းထားရှိလျှင် ဖြစ်စေ ဒေါင်လိုက် အနေအထား အတိုင်းထားရှိပါ။ (Packing box ပါ ⬆️ မြားအတိုင်း)                     
                                             
                                             
- 
                                    
                                        
                    
                        လျှပ်စစ်ဓာတ်အား အတက်အကျရှိလျှင် (သို့မဟုတ်) မီးစက်ဖြင့် အသုံးပြုရလျှင် 1KVA အထွက်ရှိသော အလိုအလျောက် မီးအားမြှင့်စက် (Automatic Voltage Regulator) ကို ကြားခံ အသုံးပြုပါ။                     
                                             
                                             
- 
                                    
                                        
                    
                        စက်ကို နံရံ (သို့မဟုတ်) ပရိဘောဂ ပစ္စည်းများနှင့် အနည်းဆုံး ၄လက်မ ခန့်ခွာထားပါ။                     
                                             
                                             
- 
                                    
                                        
                    
                        စက်၏ လေဝင်လေထွက်ပေါက်များကို မပိတ်ဆို့စေဘဲ ဖုန်၊ အမှိုက်၊ ဆံခြည်များ မဝင်အောင်ထားရှိပါ။ ပျော့ပြောင်းသော မျက်နှာပြင်များ၊ မွေ့ယာ၊ ဆိုဖာများပေါ်တွင် မတင်ရပါ။                     
                                             
                                             
- 
                                    
                                        
                    
                        စက်ကိုအသုံးပြုနေစဉ် ဆေးလိပ်၊ မီးပွား၊ မီးတောက်များ အနီးအနားတွင် မရှိစေရပါ။ ပေါက်ကွဲလောင်ကျွမ်း တတ်ပါသည်။                     
                        ဆီ၊ စက်သုံးဆီ၊ ချောဆီများကို စက်၏ မည်သည့် အစိတ်အပိုင်းနှင့်မျှ မထိတွေ့ပါစေနှင့်။                     
                                             
- 
                                    
                                        
                    
                        စက်ရပ်ပြီး ပြန်ဖွင့်ရန် အနည်းဆုံး ၅မိနစ်ခန့်ခြားပါ။ စက်ဖွင့်ပြီး အသုံးပြုချိန်သည် အနည်းဆုံး မိနစ် ၃၀ ရှိသင့်ပါသည်။                     
                        သာမန်အားဖြင့် လူနာ၏ အခြေအနေအရ စက်ကို ဆက်တိုက် အသုံးပြုနိုင်ပြီး စက်အသုံးပြုချိန် ၈နာရီပြည့်တိုင်း ၁၅ မိနစ်ခန့် အနားပေးလျှင် စက်၏သက်တမ်း ပိုရှည်ပါသည်။                     
                                             
- 
                                    
                                        
                    
                        စက်အတွင်းရှိ လေစစ်ဇကာကို အသုံးပြုချိန် အနည်းအများ ပေါ်မူတည်ပြီး ဆေးကြောပေးပါ။                     
                        အပြင်ဇကာကို နှစ်ပတ်တစ်ခါ ဆေးကြောပါ။ အတွင်းဇကာကို တစ်လတစ်ကြိမ် ဆေးကြောပါ။ ဇကာများကို ခြောက်သွေ့အောင် ထားပြီးမှ ပြန်လည် တပ်ဆင်အသုံးပြုပါ။ ဇကာများ မတပ်ဆင်ဘဲ စက်ကို လုံးဝ အသုံးမပြုရပါ။