<

Disinfection - ပိုးသတ်နည်း



  • ပိုးသတ်ခြင်းကို မလုပ်ဆောင်မီ PPE, N95 mask, လက်အိတ်, မျက်နှာ အကာအကွယ် (face shield, glasses or goggles) များကို စနစ်တကျ ဦးစွာဝတ်ဆင်ရန် လိုအပ်ပါသည်။
    PPE ဝတ်စုံအား စနစ်တကျ ဝတ်ခြင်း နည်းလမ်းကို အောက်ပါ video clip တွင်ကြည့်ရှုနိုင်ပါသည်။
  • ထို့နောက် ပိုးသတ်ဆေးပစ္စည်း (bleach solutions) ကို သတ်မှတ်ထားသော အချိုးအစားအတိုင်း ဖျော်ရန်လိုအပ်ပါသည်။ မိမိအသုံးပြုမည့် ပိုးသတ်ဆေးပစ္စည်း အညွှန်းများကို အသုံးမပြုမီ သေချာစွာ ဖတ်ရန်လိုအပ်ပါသည်။
  • ပိုးသတ်ဆေးရည် ဖျော်စပ်နည်း
    ၅% အိမ်သုံးအရောင်ချွတ်ဆေး (bleaching powder) လက်ဘက်ရည်ဇွန်း ၄ဇွန်း (သို့မဟုတ်) Dettol အရည် အဖုံး ၁ခွက် ကို ရေ ၁လီတာ နှင့် ရော၍ ပိုးသတ်ဆေးရည် ဖျော်စပ်နိုင်ပါသည်။
  • ညစ်ပတ်နေသော နေရာများ၊ ပစ္စည်းများကို ပိုးသတ်ဆေး မဖြန်းမီ ဆပ်ပြာ၊ detergent များဖြင့် အရင် ဆေးကြောရန် လိုအပ်ပါသည်။
  • ထို့နောက် လူနာ၏ နေရာ၊ အသုံးပြုခဲ့သောပစ္စည်းများကို ပိုးသတ်ဆေးဖြန်းရပါမည်။
  • အိမ်တွင် နေ့စဉ်ထိတွေ့မှု အများ ဆုံးနေရာ
    (ဥပမာ- တံခါးလက်ကိုင်၊ စားပွဲများ၊ မီးဖွင့်/ပိတ် ခလုပ်များ၊ မီးဖိုချောင် မျက်နှာပြင်များ၊ အိမ်သာကြမ်းပြင်) နှင့် ဧည့်သည် လာပြီးတိုင်း ထိတွေ့ အသုံးပြုခဲ့သော နေရာ၊ ပစ္စည်းများကို သန့်ရှင်းရေး ပြုလုပ်ရပါမည်။
  • ကော်ဇော၊ ကြမ်းခင်း၊ ဆိုဖာမျက်နှာပြင်ကဲ့သို့ ပျော့ပြောင်းသော မျက်နှာပြင်များ သန့်ရှင်းရေး ပြုလုပ်ပါက ရေနှင့်ဆပ်ပြာ သိုမဟုတ် ထိုအရာများ အတွက် အထူးပြုလုပ်ထားသော သန့်ရှင်းရေး ပစ္စည်းများဖြင့် ဆေးကြောသန့်စင်ရန် လိုအပ်ပါသည်။
  • တကိုယ်ရည် နေ့စဉ်အသုံးပြုသော electronics devices မျက်နှာပြင်များ (လက်ကိုင်ဖုန်း၊ tablets၊ touchscreen၊ keyboards၊ remote control) များကိုလည်း အသုံးပြုပြီးတိုင်း alcohol wipes များဖြင့် သန့်ရှင်းရေး ပြုလုပ်ရန် လိုအပ်ပါသည်။
  • လူနာ ကိုယ်တိုင် သန့်ရှင်းရေး ပြုလုပ်နိုင်ပါက
  • လူနာ ကိုယ်တိုင် သန့်ရှင်းရေး မပြုလုပ်နိုင်ပါက
  • ပိုးသတ်နေချိန်တွင် လူနာ၏ အခန်းများ၊ မိမိအိမ်အတွင်းရှိ တံခါးများဖွင့်ခြင်း၊ ပန်ကာများ ဖွင့်ထားခြင်းများပြုလုပ်ပြီး အိမ်တွင်း လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ထားရန်လည်း လိုအပ်ပါသည်။
  • ပိုးသတ်ဆေး (disinfectants) များကို သောက်သုံးခြင်း၊ ရှူခြင်း၊ ရေချိုးခြင်း၊ တိရိစ္ဆာန်များအားဖြန်းခြင်း၊ အရေပြားများ အပေါ် ပတ်ဖြန်းခြင်းကို ရှောင်ရှားရပါမည်။
  • ပိုးသတ်ပြီးနောက် PPE, mask, လက်အိတ် များကို နည်းလမ်းတကျ ချွတ်ပါ။ လက်ကို hand sanitizer / alcohol 60% ပါသော လက်သန့်ဆေးဖြင့် စက္ကန့် ၂၀ ကြာအောင် နည်းလမ်းမှန်စွာ ဆေးကြောရပါမည်။ ပြီးနောက် ရေချိုးသန့်စင်ခြင်းကို ပြုလုပ်သင့်ပါသည်။
  • PPE ဝတ်စုံအား စနစ်တကျ ချွတ်ခြင်း နည်းလမ်းကို အောက်ပါ video clip တွင်ကြည့်ရှုနိုင်ပါသည်။
  • အသုံးပြုခဲ့သော PPE ပစ္စည်းများကို စနစ်တကျ ထုပ်ပိုးပြီး အမှိုက်ကိုစနစ်တကျ ခွဲခြားပစ်ရန် လိုအပ်ပါသည်။
  • လူနာမှာ ရောဂါပျောက်ကင်းသက်သာပြီး (isolation period) ကျော်ပြီး ခွဲနေစရာ မလိုတော့ပါက
  • ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG-MOH) မှ ညွှန်ကြားချက်များ